ယုံကြည်မှု့နှင့်အတူလွတ်လပ်စွာနေထိုင်ခြင်း
Friday, April 20, 2007
politics ဆိုတာ
မကြာသေးခင်ကဖတ်ခဲ့ရတဲ့စာတစ်ပုဒ်ရှိတယ်။ The End of Political Partyတဲ့။နိုင်ငံရေးပါတိများရဲ့နိဂုံးပေါ့ဗျာ
ဒီစာကိုရေးတဲ့ကျမ်းရှင်ကခုလိုပြောတယ်ဗျ။ပြုပြင်ပြောင်းလဲမှု့တွေသာနက်နက်ရှိင်းရှိုင်းမလုပ်နိုင်ရင်ဒီကနေ့ရှိနေ
တဲ့နိုင်ငံရေးပါတီအားလုံးနောင်အနှစ်(၃၀)လောက်ကြာရင်ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သွားနိုင်တယ်တဲ့။သူကောက်
ချက်အတွက်သူကအကြောင်းပြချက် ၃ ခုပြတယ်။
၁။ ။ ဒီကနေ့နိုင်ငံရေးပါတီအများစု(လက်ဝဲလက်ယာ)ဟာclass basကိုအခြေခံထားတာများတယ်။Classclash
ကဒီနေ့ထိရှိသလောက်ရှိသေးပေမယ့်သူ့ထက်အရေးကြီးတဲ့တခြားclash တွေရှိနေပြီ။ ဘာတွေလဲဆိုတော့ ethnicတို့religion တို့ပေါ့။ ဒီတော့လက်ရှိနိုင်ငံရေးပါတီတွေရဲ့ Focus ဟာခုတ်ရာတခြားရှရာတခြားဖြစ်နေပြီ။
၂။။အိုင်တီခေတ်ရဲ့ထူးခြားချက်တခုကအမှန်Truthတွေရဲ့သက်တန်းတိုလာတာ။နိုင်ငံရေးလမ်းစဉ်တခုရဲ့truth
်ပေါ် အခြေခံချရတာကလား။Truthသက်တမ်းတိုလာတော့လမ်းစဉ်လဲကြာကြာမခံတော့ဘူး။အခြေအနေနဲ့လိုက်
ရောညီထွေပြောင်းနိုင်မှတော်ကာကျမယ်။ဒီနေနိုင်ငံရေးပါတီတွေရဲ့အားနဲချက်ကလုံလောက်တဲ့ပြုပြင်ပြောင်းလဲ
နိုင်စွမ်း Flexibility မရှိတာလို့ဆိုတယ်။
၃။ ။အိုင်တီရဲ့နောက်ထူးခြားမှု့တခုကလူတစ်ဦးချင်းကို empowerလုပ်လိုက်တာပဲ။ဒါပေမယ့် ဒီကနေ့နိုင်ငံရေးပါ
တီတွေမှာလူတစ်ဦးချင်းတစ်ယောက်ချင်းရဲ့လှုပ်ရှားနိုင်တဲ့ခွင်ကကျဉ်းလွန်းတယ်။Powerful ဖြစ်လာတဲ့လူက
ကွင်းကျယ်ကျယ်တောင်းလာပေမယ့် ပါတိတွေကမပေးနိုင်ဖြစ်နေတယ်တဲ့။
အဲတာကျွန်တော်ဖတ်ရတာကိုပြန်ပြောတာ။နိုင်ငံရေးသမားတွေစဉ်းစားကြည့်ဖို့ကောင်းမယ်ထင်တာဘဲ။
kyaw win's sketch စာအုပ်မှ
posted by ZawZaw @ 12:20 AM   0 comments
Thursday, April 19, 2007
သူတော်စင်စိတ်
၁၉၄၇ ခုနှစ်အောက်တိုဘာ ၁၅ ရက်နေ့။ ခံတပ်နီ(Red Fort) ထိပ်မှတရိပ်ရိပ်ကျ
လာသောယူနီယံဂျက်နေရာတွင်အိန္ဒိယနိုင်ငံ၏အလံတော်သစ်က၀င့်ဝင့်ကြွားကြွား
နေရာယူလာသည်။ထိုအချိန်တွင်ဗိုလ်ရှုခံစင်မြင့်ထက်မှဂျာဝါဟာလာနေရူးက
" ကျွနုပ်တို့လွတ်လပ်ပြီ "(We are Free) ဟုကြေငြာလိုက်သည်။နေရူး၏နာမည်
ကျော်သန်းခေါင်ယံလွတ်လပ်ရေးအောင်ပွဲမိန့်ခွန်းဖြစ်ပါသည်။
အဲဒီအချိန်မှာ အိန္ဒိယအမျိုးသားလွတ်လပ်ရေး လှုပ်ရှားမှု့၏နံပါတ် ၁ ခေါင်းဆောင်
ဖြစ်သူ မဟတ္တမဂန္ဒီကြီး မှာ အဓိကရုဏ်းဖြစ်ပွားရာ နုက္ခလိတွင် ဖိနပ်မပါခြေဗလာနဲ့
လျှောက်လှမ်းနေသည်။ အမုန်းမီးပွားများဖြင့်ပူလောင်နေသောလူထုကို ဂန္ဒီကြီးက
အဟိံသတရားမြွတ်ကြားလျက်ရှိသည်။ဂန္ဒီမှာအောင်ပွဲခံစင်မြင့်ထက်တွင်နေရာမယူ
လူထုနှင့်အတူ ဒုက္ခတွင်းထဲတွင်ရပ်နေသည်။
အဗဒူကလမ်က ဒါသည်ပင် ဂန္ဒီကြီးရဲ့ကြီးမြတ်တဲ့ ဂုဏ်လက္ခဏာ သူတော်စင်စိတ်
ဟုမှတ်ချက်ပြုလိုက်သည်။
(ဦးဏှောက်များကိုမီးငြှိခြင်း--ဘိုးလှိုင် )စာအုပ်မှ
posted by ZawZaw @ 2:12 AM   0 comments
Tuesday, April 17, 2007
ရေးကြစေချင်တယ်
နိုင်င်ငံရေးအသိအမြင်တွေတိုးတက်စေဖို့ဘယ်သူမဆို၊
ဒီဘလောက်မှာရေးသားချင်ရင်ဝင်ရောက်ရေးသားနိုင်ဖို့
ဖိတ်ခေါ်ပါတယ်။ကျွန်တော်ကပုံမှန်မရေးနိုင်သလိုပညာရှင်လဲမဟုတ်ပါ။
ဘက်မလိုက်တဲ့သန့်ရှင်းတဲ့အမြင်တွေဖြစ်ကြပါစေဗျာ။
posted by ZawZaw @ 12:50 AM   0 comments
 
About Me
Previous Post
Archives
ခြေခံလူ့အခွင့်အရေး

လွတ်လပ်စွာရေးသားပုံနှိပ်ဖော်ပြနိုင်ခြင်း လွတ်လပ်စွာပြောဆိုနိုင်ခြင်း လွတ်လပ်စွာစုရုံးပိုင်ခွင့် လူတိုင်းသည်တရားဥပဒေရှေ့၌တန်းတူအခွင့်အရေးရှိခြင်း လူတိုင်းသည်တရားဥပဒေနှင့်အညီအဆုံးဖြတ်ခံပိုင်ခွင့်ရရှိခြင်း

Links
Powered by

Free Blogger Templates

BLOGGER