Thursday, April 19, 2007 |
သူတော်စင်စိတ် |
၁၉၄၇ ခုနှစ်အောက်တိုဘာ ၁၅ ရက်နေ့။ ခံတပ်နီ(Red Fort) ထိပ်မှတရိပ်ရိပ်ကျ လာသောယူနီယံဂျက်နေရာတွင်အိန္ဒိယနိုင်ငံ၏အလံတော်သစ်က၀င့်ဝင့်ကြွားကြွား နေရာယူလာသည်။ထိုအချိန်တွင်ဗိုလ်ရှုခံစင်မြင့်ထက်မှဂျာဝါဟာလာနေရူးက " ကျွနုပ်တို့လွတ်လပ်ပြီ "(We are Free) ဟုကြေငြာလိုက်သည်။နေရူး၏နာမည် ကျော်သန်းခေါင်ယံလွတ်လပ်ရေးအောင်ပွဲမိန့်ခွန်းဖြစ်ပါသည်။ အဲဒီအချိန်မှာ အိန္ဒိယအမျိုးသားလွတ်လပ်ရေး လှုပ်ရှားမှု့၏နံပါတ် ၁ ခေါင်းဆောင် ဖြစ်သူ မဟတ္တမဂန္ဒီကြီး မှာ အဓိကရုဏ်းဖြစ်ပွားရာ နုက္ခလိတွင် ဖိနပ်မပါခြေဗလာနဲ့ လျှောက်လှမ်းနေသည်။ အမုန်းမီးပွားများဖြင့်ပူလောင်နေသောလူထုကို ဂန္ဒီကြီးက အဟိံသတရားမြွတ်ကြားလျက်ရှိသည်။ဂန္ဒီမှာအောင်ပွဲခံစင်မြင့်ထက်တွင်နေရာမယူ လူထုနှင့်အတူ ဒုက္ခတွင်းထဲတွင်ရပ်နေသည်။ အဗဒူကလမ်က ဒါသည်ပင် ဂန္ဒီကြီးရဲ့ကြီးမြတ်တဲ့ ဂုဏ်လက္ခဏာ သူတော်စင်စိတ် ဟုမှတ်ချက်ပြုလိုက်သည်။ (ဦးဏှောက်များကိုမီးငြှိခြင်း--ဘိုးလှိုင် )စာအုပ်မှ |
posted by ZawZaw @ 2:12 AM  |
|
|
|
|
About Me |
Previous Post |
|
Archives |
|
ခြေခံလူ့အခွင့်အရေး |
လွတ်လပ်စွာရေးသားပုံနှိပ်ဖော်ပြနိုင်ခြင်း လွတ်လပ်စွာပြောဆိုနိုင်ခြင်း လွတ်လပ်စွာစုရုံးပိုင်ခွင့် လူတိုင်းသည်တရားဥပဒေရှေ့၌တန်းတူအခွင့်အရေးရှိခြင်း လူတိုင်းသည်တရားဥပဒေနှင့်အညီအဆုံးဖြတ်ခံပိုင်ခွင့်ရရှိခြင်း |
Links |
|
Powered by |
 |
|