ယုံကြည်မှု့နှင့်အတူလွတ်လပ်စွာနေထိုင်ခြင်း
Wednesday, February 28, 2007
ဂရုဏာဆိုတာသနားတယ်ဆိုယုံနဲ့မပြီးပါ
မြန်မာလူမျိုးများဟာပင်ကိုယ်စိတ်ထားအလွန်သနားတတ်သူများဖြစ်ကြပါတယ်
သူတပါးကိုကူညီဆောင်မဖို့ရာအင်မတန်မလက်လွယ်ကြပါတယ်။ဒါပေမယ့်အဲဒီစိတ်ဟာ
တကယ်တန်းအားဖြင့်အပြင်ကိုထွက်မလာဘဲစိတ်ကူးကနေပြောက်ကွယ်သွားတတ်တာ
တွေ့ရပြန်ပါတယ်။တကယ်တန်းအကူအညီပေးရမယ်ဆိုရင်တွန့်နေတတ်တာများပါတယ်။
အပြင်လောကမှာတော့အမြင်မတော်ရင်ဝင်ရောက်ကူညီနေတတ်တဲ့သူတွေအများစုရှိပါတယ်
ဒါကလဲသူတတ်နိုင်သလောက်နဲ့ကူကြတာပါ။ဥပမာ-အမယ်အိုတစ်ဦးကားလမ်းကူးဖို့ကူညီ
တာ၊ကားတိုက်မိလို့ဆေးရုံလိုက်ပို့ပေးတာစတဲ့လူမှု့ရေးအကူအညီတွေကိုကိုယ်ကြိုးမပါ
စေတနာသက်သက်လိုက်ပြီးလုပ်ပေးတတ်သူတွေပါ။တကယ်တော့သနားပါတယ်ကွာဆိုယုံ
လောက်နဲ့တော့ဘာမှမသိချင်ယောင်ဆောင်နေတာကမှပိုကောင်းပါသေးတယ်။သူတပါးဒုက္ခ
ကိုမျှဝေပြီးကိုယ်ဒုက္ခသဖွယ်နားလည်စာနာရိုင်းပင်းခြင်းကသာလျှင်ဂရုဏာဖြစ်ပါတယ်ငွေ
ကြေးထောက်ပံ့ကူမှမဟုတ်ပါဘူး၊မကောင်းတတ်လို့သာပေးလိုက်ရတယ်စိတ်ထဲကမပါရင်
အလကားပါ။ကျွန်တော်တို့တိုင်းပြည်မှာလူချမ်းသာတွေအများကြီးပါ။လှူလဲလှူကြပါတယ်
ဒါပေမယ့်တကယ်မလှူတတ်ကြပါဘူး။နာမည်ကြီးတဲ့ဘုန်တော်ကြီးကျောင်းတွေမှာအလှူ
ရှင်တွေပြည့်နေပြီး၊နွမ်းပါးတဲ့ကျောင်းတွေကဘုန်းတော်ကြီးတွေမှာတော့နေ့စဉ်ဆွမ်းမှန်
အောင်မနဲကြိုးစားရပါတယ်။ပညာရေးမှာလဲဒီအတိုင်းပါဘဲ။ချမ်းသာတဲ့သူတွေရဲ့ကလေး
တွေနေတဲ့ကျောင်းတွေမှာတော့ကွန်ပျူတာတွေနဲ့၊မပြည်စုံတဲ့နေရာတွေမှာတော့ကျောင်း
နေအရွယ်ကျောင်းမနေနိုင်သူကလေးတွေအများကြီးရှိနေပါတယ်။နိုင်ငံတော်ကလုပ်ပေး
နေလဲပြည်သူတွေကလက်လှမ်းမှီသလောက်ကိုယ့်ဒေသ၊ကိုယ့်လူမျိုးတိုးတက်ဖို့ကူညီ
ပေးရပါမယ်။မရှိဆင်းရဲသားတွေရဲ့ခံစားမှု့တွေကိုယ်မျှဝေခံစားနားလည်ကူညီပေးကြမယ့်
ဂရုဏာရှင်တွေလိုပါတယ်။အမှန်တရားအတွက်ဘုရားသခင်ရှိပါတယ်။တကယ်ကူညီရင်ကိုယ့်
အတွက်နစ်နာစရာဘာမှမရှိပါဘူး။ငါသွားလှူလို့ပြသနာဖြစ်မယ်ဆိုတဲ့အတွေးတွေခေါင်းထဲ
ကထုတ်ပစ်လိုက်ပါ။လိုအပ်နေတဲ့ကွက်လပ်တွေကိုဖြည့်ကြပါ။နိုင်ငံတိုးတက်ဖို့လိုလားရင်
အုပ်တချပ်သဲတပွင့်ကူညီလိုက်ပါ။အပြောတွေများမနေဘဲအလုပ်နဲ့တကယ်သနားရင်တကယ်
လှူကြပါ။
posted by ZawZaw @ 9:42 PM  
0 Comments:
Post a Comment
<< Home
 
 
About Me
Previous Post
Archives
ခြေခံလူ့အခွင့်အရေး

လွတ်လပ်စွာရေးသားပုံနှိပ်ဖော်ပြနိုင်ခြင်း လွတ်လပ်စွာပြောဆိုနိုင်ခြင်း လွတ်လပ်စွာစုရုံးပိုင်ခွင့် လူတိုင်းသည်တရားဥပဒေရှေ့၌တန်းတူအခွင့်အရေးရှိခြင်း လူတိုင်းသည်တရားဥပဒေနှင့်အညီအဆုံးဖြတ်ခံပိုင်ခွင့်ရရှိခြင်း

Links
Powered by

Free Blogger Templates

BLOGGER