မြန်မာလူမျိုးများဟာပင်ကိုယ်စိတ်ထားအလွန်သနားတတ်သူများဖြစ်ကြပါတယ် သူတပါးကိုကူညီဆောင်မဖို့ရာအင်မတန်မလက်လွယ်ကြပါတယ်။ဒါပေမယ့်အဲဒီစိတ်ဟာ တကယ်တန်းအားဖြင့်အပြင်ကိုထွက်မလာဘဲစိတ်ကူးကနေပြောက်ကွယ်သွားတတ်တာ တွေ့ရပြန်ပါတယ်။တကယ်တန်းအကူအညီပေးရမယ်ဆိုရင်တွန့်နေတတ်တာများပါတယ်။ အပြင်လောကမှာတော့အမြင်မတော်ရင်ဝင်ရောက်ကူညီနေတတ်တဲ့သူတွေအများစုရှိပါတယ် ဒါကလဲသူတတ်နိုင်သလောက်နဲ့ကူကြတာပါ။ဥပမာ-အမယ်အိုတစ်ဦးကားလမ်းကူးဖို့ကူညီ တာ၊ကားတိုက်မိလို့ဆေးရုံလိုက်ပို့ပေးတာစတဲ့လူမှု့ရေးအကူအညီတွေကိုကိုယ်ကြိုးမပါ စေတနာသက်သက်လိုက်ပြီးလုပ်ပေးတတ်သူတွေပါ။တကယ်တော့သနားပါတယ်ကွာဆိုယုံ လောက်နဲ့တော့ဘာမှမသိချင်ယောင်ဆောင်နေတာကမှပိုကောင်းပါသေးတယ်။သူတပါးဒုက္ခ ကိုမျှဝေပြီးကိုယ်ဒုက္ခသဖွယ်နားလည်စာနာရိုင်းပင်းခြင်းကသာလျှင်ဂရုဏာဖြစ်ပါတယ်ငွေ ကြေးထောက်ပံ့ကူမှမဟုတ်ပါဘူး၊မကောင်းတတ်လို့သာပေးလိုက်ရတယ်စိတ်ထဲကမပါရင် အလကားပါ။ကျွန်တော်တို့တိုင်းပြည်မှာလူချမ်းသာတွေအများကြီးပါ။လှူလဲလှူကြပါတယ် ဒါပေမယ့်တကယ်မလှူတတ်ကြပါဘူး။နာမည်ကြီးတဲ့ဘုန်တော်ကြီးကျောင်းတွေမှာအလှူ ရှင်တွေပြည့်နေပြီး၊နွမ်းပါးတဲ့ကျောင်းတွေကဘုန်းတော်ကြီးတွေမှာတော့နေ့စဉ်ဆွမ်းမှန် အောင်မနဲကြိုးစားရပါတယ်။ပညာရေးမှာလဲဒီအတိုင်းပါဘဲ။ချမ်းသာတဲ့သူတွေရဲ့ကလေး တွေနေတဲ့ကျောင်းတွေမှာတော့ကွန်ပျူတာတွေနဲ့၊မပြည်စုံတဲ့နေရာတွေမှာတော့ကျောင်း နေအရွယ်ကျောင်းမနေနိုင်သူကလေးတွေအများကြီးရှိနေပါတယ်။နိုင်ငံတော်ကလုပ်ပေး နေလဲပြည်သူတွေကလက်လှမ်းမှီသလောက်ကိုယ့်ဒေသ၊ကိုယ့်လူမျိုးတိုးတက်ဖို့ကူညီ ပေးရပါမယ်။မရှိဆင်းရဲသားတွေရဲ့ခံစားမှု့တွေကိုယ်မျှဝေခံစားနားလည်ကူညီပေးကြမယ့် ဂရုဏာရှင်တွေလိုပါတယ်။အမှန်တရားအတွက်ဘုရားသခင်ရှိပါတယ်။တကယ်ကူညီရင်ကိုယ့် အတွက်နစ်နာစရာဘာမှမရှိပါဘူး။ငါသွားလှူလို့ပြသနာဖြစ်မယ်ဆိုတဲ့အတွေးတွေခေါင်းထဲ ကထုတ်ပစ်လိုက်ပါ။လိုအပ်နေတဲ့ကွက်လပ်တွေကိုဖြည့်ကြပါ။နိုင်ငံတိုးတက်ဖို့လိုလားရင် အုပ်တချပ်သဲတပွင့်ကူညီလိုက်ပါ။အပြောတွေများမနေဘဲအလုပ်နဲ့တကယ်သနားရင်တကယ် လှူကြပါ။
|