Friday, April 20, 2007 |
politics ဆိုတာ |
မကြာသေးခင်ကဖတ်ခဲ့ရတဲ့စာတစ်ပုဒ်ရှိတယ်။ The End of Political Partyတဲ့။နိုင်ငံရေးပါတိများရဲ့နိဂုံးပေါ့ဗျာ ဒီစာကိုရေးတဲ့ကျမ်းရှင်ကခုလိုပြောတယ်ဗျ။ပြုပြင်ပြောင်းလဲမှု့တွေသာနက်နက်ရှိင်းရှိုင်းမလုပ်နိုင်ရင်ဒီကနေ့ရှိနေ တဲ့နိုင်ငံရေးပါတီအားလုံးနောင်အနှစ်(၃၀)လောက်ကြာရင်ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သွားနိုင်တယ်တဲ့။သူကောက် ချက်အတွက်သူကအကြောင်းပြချက် ၃ ခုပြတယ်။ ၁။ ။ ဒီကနေ့နိုင်ငံရေးပါတီအများစု(လက်ဝဲလက်ယာ)ဟာclass basကိုအခြေခံထားတာများတယ်။Classclash ကဒီနေ့ထိရှိသလောက်ရှိသေးပေမယ့်သူ့ထက်အရေးကြီးတဲ့တခြားclash တွေရှိနေပြီ။ ဘာတွေလဲဆိုတော့ ethnicတို့religion တို့ပေါ့။ ဒီတော့လက်ရှိနိုင်ငံရေးပါတီတွေရဲ့ Focus ဟာခုတ်ရာတခြားရှရာတခြားဖြစ်နေပြီ။ ၂။။အိုင်တီခေတ်ရဲ့ထူးခြားချက်တခုကအမှန်Truthတွေရဲ့သက်တန်းတိုလာတာ။နိုင်ငံရေးလမ်းစဉ်တခုရဲ့truth်ပေါ် အခြေခံချရတာကလား။Truthသက်တမ်းတိုလာတော့လမ်းစဉ်လဲကြာကြာမခံတော့ဘူး။အခြေအနေနဲ့လိုက် ရောညီထွေပြောင်းနိုင်မှတော်ကာကျမယ်။ဒီနေနိုင်ငံရေးပါတီတွေရဲ့အားနဲချက်ကလုံလောက်တဲ့ပြုပြင်ပြောင်းလဲ နိုင်စွမ်း Flexibility မရှိတာလို့ဆိုတယ်။ ၃။ ။အိုင်တီရဲ့နောက်ထူးခြားမှု့တခုကလူတစ်ဦးချင်းကို empowerလုပ်လိုက်တာပဲ။ဒါပေမယ့် ဒီကနေ့နိုင်ငံရေးပါ တီတွေမှာလူတစ်ဦးချင်းတစ်ယောက်ချင်းရဲ့လှုပ်ရှားနိုင်တဲ့ခွင်ကကျဉ်းလွန်းတယ်။Powerful ဖြစ်လာတဲ့လူက ကွင်းကျယ်ကျယ်တောင်းလာပေမယ့် ပါတိတွေကမပေးနိုင်ဖြစ်နေတယ်တဲ့။ အဲတာကျွန်တော်ဖတ်ရတာကိုပြန်ပြောတာ။နိုင်ငံရေးသမားတွေစဉ်းစားကြည့်ဖို့ကောင်းမယ်ထင်တာဘဲ။ kyaw win's sketch စာအုပ်မှ |
posted by ZawZaw @ 12:20 AM  |
|
|
Thursday, April 19, 2007 |
သူတော်စင်စိတ် |
၁၉၄၇ ခုနှစ်အောက်တိုဘာ ၁၅ ရက်နေ့။ ခံတပ်နီ(Red Fort) ထိပ်မှတရိပ်ရိပ်ကျ လာသောယူနီယံဂျက်နေရာတွင်အိန္ဒိယနိုင်ငံ၏အလံတော်သစ်က၀င့်ဝင့်ကြွားကြွား နေရာယူလာသည်။ထိုအချိန်တွင်ဗိုလ်ရှုခံစင်မြင့်ထက်မှဂျာဝါဟာလာနေရူးက " ကျွနုပ်တို့လွတ်လပ်ပြီ "(We are Free) ဟုကြေငြာလိုက်သည်။နေရူး၏နာမည် ကျော်သန်းခေါင်ယံလွတ်လပ်ရေးအောင်ပွဲမိန့်ခွန်းဖြစ်ပါသည်။ အဲဒီအချိန်မှာ အိန္ဒိယအမျိုးသားလွတ်လပ်ရေး လှုပ်ရှားမှု့၏နံပါတ် ၁ ခေါင်းဆောင် ဖြစ်သူ မဟတ္တမဂန္ဒီကြီး မှာ အဓိကရုဏ်းဖြစ်ပွားရာ နုက္ခလိတွင် ဖိနပ်မပါခြေဗလာနဲ့ လျှောက်လှမ်းနေသည်။ အမုန်းမီးပွားများဖြင့်ပူလောင်နေသောလူထုကို ဂန္ဒီကြီးက အဟိံသတရားမြွတ်ကြားလျက်ရှိသည်။ဂန္ဒီမှာအောင်ပွဲခံစင်မြင့်ထက်တွင်နေရာမယူ လူထုနှင့်အတူ ဒုက္ခတွင်းထဲတွင်ရပ်နေသည်။ အဗဒူကလမ်က ဒါသည်ပင် ဂန္ဒီကြီးရဲ့ကြီးမြတ်တဲ့ ဂုဏ်လက္ခဏာ သူတော်စင်စိတ် ဟုမှတ်ချက်ပြုလိုက်သည်။ (ဦးဏှောက်များကိုမီးငြှိခြင်း--ဘိုးလှိုင် )စာအုပ်မှ |
posted by ZawZaw @ 2:12 AM  |
|
|
Tuesday, April 17, 2007 |
ရေးကြစေချင်တယ် |
နိုင်င်ငံရေးအသိအမြင်တွေတိုးတက်စေဖို့ဘယ်သူမဆို၊ ဒီဘလောက်မှာရေးသားချင်ရင်ဝင်ရောက်ရေးသားနိုင်ဖို့ ဖိတ်ခေါ်ပါတယ်။ကျွန်တော်ကပုံမှန်မရေးနိုင်သလိုပညာရှင်လဲမဟုတ်ပါ။ ဘက်မလိုက်တဲ့သန့်ရှင်းတဲ့အမြင်တွေဖြစ်ကြပါစေဗျာ။ |
posted by ZawZaw @ 12:50 AM  |
|
|
|
|
About Me |
Previous Post |
|
Archives |
|
ခြေခံလူ့အခွင့်အရေး |
လွတ်လပ်စွာရေးသားပုံနှိပ်ဖော်ပြနိုင်ခြင်း လွတ်လပ်စွာပြောဆိုနိုင်ခြင်း လွတ်လပ်စွာစုရုံးပိုင်ခွင့် လူတိုင်းသည်တရားဥပဒေရှေ့၌တန်းတူအခွင့်အရေးရှိခြင်း လူတိုင်းသည်တရားဥပဒေနှင့်အညီအဆုံးဖြတ်ခံပိုင်ခွင့်ရရှိခြင်း |
Links |
|
Powered by |
 |
|