Friday, April 20, 2007 |
politics ဆိုတာ |
မကြာသေးခင်ကဖတ်ခဲ့ရတဲ့စာတစ်ပုဒ်ရှိတယ်။ The End of Political Partyတဲ့။နိုင်ငံရေးပါတိများရဲ့နိဂုံးပေါ့ဗျာ ဒီစာကိုရေးတဲ့ကျမ်းရှင်ကခုလိုပြောတယ်ဗျ။ပြုပြင်ပြောင်းလဲမှု့တွေသာနက်နက်ရှိင်းရှိုင်းမလုပ်နိုင်ရင်ဒီကနေ့ရှိနေ တဲ့နိုင်ငံရေးပါတီအားလုံးနောင်အနှစ်(၃၀)လောက်ကြာရင်ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သွားနိုင်တယ်တဲ့။သူကောက် ချက်အတွက်သူကအကြောင်းပြချက် ၃ ခုပြတယ်။ ၁။ ။ ဒီကနေ့နိုင်ငံရေးပါတီအများစု(လက်ဝဲလက်ယာ)ဟာclass basကိုအခြေခံထားတာများတယ်။Classclash ကဒီနေ့ထိရှိသလောက်ရှိသေးပေမယ့်သူ့ထက်အရေးကြီးတဲ့တခြားclash တွေရှိနေပြီ။ ဘာတွေလဲဆိုတော့ ethnicတို့religion တို့ပေါ့။ ဒီတော့လက်ရှိနိုင်ငံရေးပါတီတွေရဲ့ Focus ဟာခုတ်ရာတခြားရှရာတခြားဖြစ်နေပြီ။ ၂။။အိုင်တီခေတ်ရဲ့ထူးခြားချက်တခုကအမှန်Truthတွေရဲ့သက်တန်းတိုလာတာ။နိုင်ငံရေးလမ်းစဉ်တခုရဲ့truth်ပေါ် အခြေခံချရတာကလား။Truthသက်တမ်းတိုလာတော့လမ်းစဉ်လဲကြာကြာမခံတော့ဘူး။အခြေအနေနဲ့လိုက် ရောညီထွေပြောင်းနိုင်မှတော်ကာကျမယ်။ဒီနေနိုင်ငံရေးပါတီတွေရဲ့အားနဲချက်ကလုံလောက်တဲ့ပြုပြင်ပြောင်းလဲ နိုင်စွမ်း Flexibility မရှိတာလို့ဆိုတယ်။ ၃။ ။အိုင်တီရဲ့နောက်ထူးခြားမှု့တခုကလူတစ်ဦးချင်းကို empowerလုပ်လိုက်တာပဲ။ဒါပေမယ့် ဒီကနေ့နိုင်ငံရေးပါ တီတွေမှာလူတစ်ဦးချင်းတစ်ယောက်ချင်းရဲ့လှုပ်ရှားနိုင်တဲ့ခွင်ကကျဉ်းလွန်းတယ်။Powerful ဖြစ်လာတဲ့လူက ကွင်းကျယ်ကျယ်တောင်းလာပေမယ့် ပါတိတွေကမပေးနိုင်ဖြစ်နေတယ်တဲ့။ အဲတာကျွန်တော်ဖတ်ရတာကိုပြန်ပြောတာ။နိုင်ငံရေးသမားတွေစဉ်းစားကြည့်ဖို့ကောင်းမယ်ထင်တာဘဲ။ kyaw win's sketch စာအုပ်မှ |
posted by ZawZaw @ 12:20 AM  |
|
|
Thursday, April 19, 2007 |
သူတော်စင်စိတ် |
၁၉၄၇ ခုနှစ်အောက်တိုဘာ ၁၅ ရက်နေ့။ ခံတပ်နီ(Red Fort) ထိပ်မှတရိပ်ရိပ်ကျ လာသောယူနီယံဂျက်နေရာတွင်အိန္ဒိယနိုင်ငံ၏အလံတော်သစ်က၀င့်ဝင့်ကြွားကြွား နေရာယူလာသည်။ထိုအချိန်တွင်ဗိုလ်ရှုခံစင်မြင့်ထက်မှဂျာဝါဟာလာနေရူးက " ကျွနုပ်တို့လွတ်လပ်ပြီ "(We are Free) ဟုကြေငြာလိုက်သည်။နေရူး၏နာမည် ကျော်သန်းခေါင်ယံလွတ်လပ်ရေးအောင်ပွဲမိန့်ခွန်းဖြစ်ပါသည်။ အဲဒီအချိန်မှာ အိန္ဒိယအမျိုးသားလွတ်လပ်ရေး လှုပ်ရှားမှု့၏နံပါတ် ၁ ခေါင်းဆောင် ဖြစ်သူ မဟတ္တမဂန္ဒီကြီး မှာ အဓိကရုဏ်းဖြစ်ပွားရာ နုက္ခလိတွင် ဖိနပ်မပါခြေဗလာနဲ့ လျှောက်လှမ်းနေသည်။ အမုန်းမီးပွားများဖြင့်ပူလောင်နေသောလူထုကို ဂန္ဒီကြီးက အဟိံသတရားမြွတ်ကြားလျက်ရှိသည်။ဂန္ဒီမှာအောင်ပွဲခံစင်မြင့်ထက်တွင်နေရာမယူ လူထုနှင့်အတူ ဒုက္ခတွင်းထဲတွင်ရပ်နေသည်။ အဗဒူကလမ်က ဒါသည်ပင် ဂန္ဒီကြီးရဲ့ကြီးမြတ်တဲ့ ဂုဏ်လက္ခဏာ သူတော်စင်စိတ် ဟုမှတ်ချက်ပြုလိုက်သည်။ (ဦးဏှောက်များကိုမီးငြှိခြင်း--ဘိုးလှိုင် )စာအုပ်မှ |
posted by ZawZaw @ 2:12 AM  |
|
|
Tuesday, April 17, 2007 |
ရေးကြစေချင်တယ် |
နိုင်င်ငံရေးအသိအမြင်တွေတိုးတက်စေဖို့ဘယ်သူမဆို၊ ဒီဘလောက်မှာရေးသားချင်ရင်ဝင်ရောက်ရေးသားနိုင်ဖို့ ဖိတ်ခေါ်ပါတယ်။ကျွန်တော်ကပုံမှန်မရေးနိုင်သလိုပညာရှင်လဲမဟုတ်ပါ။ ဘက်မလိုက်တဲ့သန့်ရှင်းတဲ့အမြင်တွေဖြစ်ကြပါစေဗျာ။ |
posted by ZawZaw @ 12:50 AM  |
|
|
Saturday, March 24, 2007 |
မြင်အောင်ကြည့်ပါ |
လူတို့သည်ဖိနှိပ်ချုပ်ချယ်မှု့အောက်မှလွတ်လပ်လာမှု့ကိုပိုမိုလိုလားနေကြသည် မှာပြောစရာမလိုပါ။သို့သော်ဒီမိုကရေစီနိုင်ငံရေးစနစ်များကိုဖန်တီးပြီးအချိန်ကာ လတစ်လျှောက်လုံးထိန်းသိန်းထားနိုင်မည်ဟုပြောလို့မရပါ။ထိုသို့ပြောလျှင်လုံးဝ မှားယွင်းပါလိမ့်မည်။ဒီမိုကရေစီသဘောသည်ရေရှည်ခံမည်ဖြစ်သော်လည်း၎င်း စနစ်ကိုကျင့်သုံးရေးကိစ္စတွင်အန္တရာယ်ရှိပါသည်။ ချက်စတာအီးဖင်း(ဂျူနီယာ) ရည်ညွှန်း---ဒီမိုကရေစီဆိုသည်မှာစာအုပ်မှ |
posted by ZawZaw @ 7:19 AM  |
|
|
Saturday, March 10, 2007 |
ဟုတ်တာပေါ့ဗျာ |
နေ့ကထုတ်ဝေတဲ့ကြေးမှုံသတင်းစာထဲမှာငါးမင်းဆွေရေးတဲ့ဆောင်းပါးတပုဒ်ဖတ်မိပါတယ်။၉.၂.၂၀၀၇နေ့စွဲနဲ့ပါ။ အဲဒီထဲကစာတစ်ပိုဒ်ကတော့လက်ရှိနဲ့ကွက်တိဆိုသလိုသိပ်ထိမိပါတယ်။ဘာတဲ့ "ယနေ့မြန်မာနိုင်ငံသားအများစုက၂လုံး၃လုံးထိုးဖို့နေ့စဉ်အာရုံစိုက်နေပါတယ်။အထာပေးပုဂ္ဂိုလ်တွေနောက် လိုက်နေပြီး။တချို့ ကတော့ဘယ်လူကြီးနားကပ်ရင်ဘာရမယ်။ဘယ်အဖွဲ့အစည်းထဲဝင်ရင်ဘာအခွင့်အရေးရမယ်ဆို ပြီးအချောင်လိုက်နေတာတွေ့ရပါတယ်တဲ့။ဒီလိုသာအချောင်သမားတွေဖြစ်နေရင်မြန်မာပြည်ကြီးတိုးတက်ဖို့မလွယ် နိုင်ပါ"ဆိုပြီးရေးထားပါတယ်။ပေါ်ကစာတွေကသူ့အာဘော်စစ်စစ်မဟုတ်ပါကျွန်တော်မှတ်မိတာပြန်ရေးတာပါ။သို့ပေ မယ့်လို့ဒါတကယ်ဖြစ်နေတဲ့အခြေအနေတွေပါဘဲ။ဆင်ချင်ကြပေါ့ဗျာ။ဟုတ်နေတာဘဲ။ |
posted by ZawZaw @ 12:35 AM  |
|
|
Friday, March 2, 2007 |
တာဝန်ရှိပါတယ် |
အရောင်နဲ့blogတွေ ကြည့်ရင်သူတို့အမြင်သူတို့အယူအဆနဲ့မှန်နေကြသလိုပါ။ တကယ်တန်းမညှာမတာပြောကြမယ်ဆိုအခုလိုရွှေပြည်တော်မျှော်တိုင်းဝေးနေရ တာကျွန်တော်တို့မှာလဲတာဝန်ရှိပါတယ်။နိုင်ငံတစ်နိုင်ငံမှာဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာရှိရပါတယ်။ဒါမှသာဒီနိုင်ငံရဲ့ရှေ့ဆက်သွားမယ့်အနာဂါတ်အတွက်အေးဆေး စိတ်ချစွာဆက်လှမ်းသွားနိုင်ပါမယ်။democracy၀ါဒဆိုတာရောင်းကုန်တစ်ခုမဟုတ် ပါဘူး။အမေရိကန်လိုdemocracyဘိုးအေကြီးတောင်မှအခက်ခဲပေါင်းမျောက်များစွာ ဖျက်သန်းခဲ့ပြီးမှသာတည်ငြိမ်တဲ့နိုင်ငံရေးကိုရရှိခဲ့တာပါ။democracyနိုင်ငံတော်အ တွက်ဖွဲ့စီးအုပ်ချုပ်ပုံအခြေခံဥပဒေပေါ်ပေါက်ရေးဆွဲဖို့ရာမလွယ်ကူနိုင်ပါဘူး။သမိုင်း နဲ့ချီတဲ့သက်သေသာဒကတွေကိုကြည့်မယ်ဆိုရင်အခြေခံဥပဒေရဲ့အားနည်းချက်တွေ ကြောင့်ဖြစ်လာခဲ့တဲ့အမေရိကန်ပြည်တွင်းစစ်၊အရေးပေါ်ရေးဆွဲခဲ့တဲ့ပင်လုံညီလာခံ ပါအချက်တွေကြောင့်တိုင်းပြည်ပြိုကွဲလုမတတ်ဖြစ်ခဲ့ရတဲ့အခြေအနေတွေ၊ဒါတွေကို ကြည့်ရင်ဒီကိစ္စဟာဘယ်လောက်အရေးပါတယ်ဆိုတာသိနိုင်ပါတယ်။ကိုယ့်တိုင်းပြည် ကိုယ့်အခြေအနေနဲ့လျော်ညီတဲ့အတိုင်းသာရေးဆွဲသင့်ပါတယ်။ဗိုလ်ချုပ်အနေနဲ့တိုင်း တပါးလက်ကနေမြန်မြန်လွတ်လပ်ရေးရဖို့သာအခြေခံဥပဒေကိုခပ်မြန်မြန်ရေးခဲ့ တာဖြစ်ပါတယ်။ဒါကလဲနောင်တချိန်မှာလိုအပ်ချက်တွေကိုပြန်လည်ပြင်ဆင် မယ်။အားလုံးကလဲသူ့လိုဆန္ဒရှိခဲ့မှာပါ။ဒါပေမယ့်အာဏာကိုဖြတ်လမ်းကယူ ချင်တဲ့နိုင်ငံရေးအချောင်သမားတွေကြောင့်ဗိုလ်ချုပ်အကြွေစောခဲ့ရသလိုနောင် တချိန်မှာတိုင်းပြည်လဲဖရိုဖရဲဖြစ်ခဲ့ရပါတယ်။democracyနိုင်ငံတော်ရဲ့အသက် ဟာဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်ပါတယ်။လိုအပ်ရင်လိုသလိုအများသ ဘောနဲ့အညီအမြဲပြင်ဆင်ပြောင်းလဲပေးနေတဲ့အခြေခံဥပဒေသာလျှင်တကယ် ပြည့်စုံခေတ်မှီနေတဲ့ပုံဖြစ်နေမှာပါ။democracyနိုင်ငံတွေမှာလိုအပ်တဲ့အခြေ အနေနဲ့ကိုက်ညီတဲ့ပြင်ဆင်ပြဌာန်းမှု့တွေအမြဲတစေရှိနေပါတယ်။အမေရိကန် ဂျပန်စတဲ့နိုင်ငံတွေကိုလေ့လာရင်တွေ့မှာပါ။ဒါပေမယ့်လို့တစ်နိုင်ငံနဲ့တစ်နိုင် ငံမတူညီတဲ့ပြဌာန်းချက်တွေရှိနေပါတယ်။တကယ်တော့သူ့နိုင်ငံနဲ့သူသင့်လျှော် တဲ့ဥပဒေတွေရှိမှသာလျှင်လက်တွေ့ကျတဲ့democracyဖြစ်မှာပါ။democracyဆို တဲ့စကားလုံးသက်သက်ကတော့ကျွန်တော်တို့အတွက်ဘာမှအာမခံချက်ပေး မှာမဟုတ်ပါဘူး။ ပုံတူကူးချလို့မရတဲ့နေရာတွေမှာဒွိဟဖြစ်စေမယ့်အရာတွေဆုံး ဖြတ်ချက်တွေမရှိဖို့သတိမူကြရပါမယ်။နိုင်ငံတော်မှဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်လာဖို့လုပ်ဆောင်နေတာအတိုင်းအတာတစ်ခုထိ ရောက်နေပြီဖြစ်သလိုအတော်လဲကြာခဲ့ပါပြီ။ဘာလို့ကြန့်ကြာနေရသလဲ မျှော်လင့်နေတဲ့democracyနိုင်ငံတော်ဆီရောက်ဖို့လမ်းခုလပ်ကို ရောက်နေကာမှတခါပြန်ကြန့်ကြာစေမယ့်အလုပ်တွေလုပ်နေကြသလဲ။ မသင့်တော်ပါဘူးဒီတခါတော့အဆုံးသတ်သင့်ပါပြီ။လမ်းစဉ်(၇)ရပ်ကို ပြီးမြောက်အောင်မြင်အောင်သာအားပြုပါ။နိုင်ငံတော်ကမ္ဘာတည်သရွေ့ခိုင် မြဲစေမယ့်မူသာပြည့်စုံရင်ဒီဖွဲ့စည်းပုံဟာပြည့်ဝပါတယ်။ကြိုက်တာ မကြိုက်တာတွေဟာဘေးမှာထားပါ။နောင်တစ်ချိန်လွတ်တော်မှာအတိုက် အခံတွေနဲ့အစိုးရတွေအချေအတင်ပြုပြင်ရေးဆွဲခြင်းဖြင့်ရွေ့ရွေ့ပြီး မြောက်လာမှာပါဘဲ။အခုလောလောဆယ်ဖြစ်သင့်တာဟာတရားမျှတတဲ့ရွေး ကောက်ပွဲနဲ့၊အခြေခံဥပဒေပေါထွက်လာရေးပါ။အခြေခံဥပဒေမရှိဘဲဘယ်သူ ကိုမှနိုင်ငံတော်အာဏာလွဲပေးခြင်းအလုပ်ဟာအန္တရာယ်များပါတယ်။democracy အစိုးရဆိုတာတဦးတစ်ယောက်အတွက်မဟုတ်ပါ၊ပြည်သူတွေကိုစောင့် ရှောက်ဖို့ပြည်သူတွေကအာဏာအပ်နှင်းထားတာဖြစ်ပါတယ်။အခုအစိုးရ ထုတ်ပြန်ထားတဲ့နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပေါ်ပေါက် ရေးသည်မြန်မာနိုင်ငံသားအားလုံး၏တာဝန်ဖြစ်သည်ဆိုတာအမှန်ပါဘဲ ကျွန်တော်တို့အားလုံးဘယ်သူမှာမဆိုတာဝန်ရှိပါတယ်။ကျွန်တော်တို့ ညီညွတ်မှမြန်မယ်။တာဝန်မဲ့စကားတွေပြောပြီးမသိသလိုလုပ်နေရင်ကိုယ့် ကိုအုပ်ချုပ်မယ့်သူတွေဘာတွေမှန်းမသိဖြစ်သွားပါမယ်။ဒီတော့ကိုယ့် တာဝန်ကိုယ်သိကြပါ။ |
posted by ZawZaw @ 5:05 AM  |
|
|
Thursday, March 1, 2007 |
ကြားမိတာဒီလိုဒီလို |
အခုဘဲသတင်းတစ်ခုblogတွေထဲကကြားမိပါတယ်။မြန်မာbloggerတွေရဲ့ ရေးသားထားပြီးသားpostတွေကိုရွေးထုတ်ပြီးစာအုပ်တစ်အုပ်ထုတ်ကြ မယ်လို့စီစဉ်နေကြတာပါ။ရရှိလာတဲ့အကြိုးအမြတ်တွေကိုNGOတွေလှူ မယ်လို့လဲပြောပါတယ်။ရည်ရွယ်ချက်ကမဆိုးပါဘူး။ဒါပေမယ့်လို့blog ဆိုတာဘာလဲ။အရင်ဆုံးလူငယ်တွေကြားပြန့်နှံ့အောင်လုပ်ရမှာပါ။စေတ နာရှိလို့လှူချင်ရင်ဒီအတိုင်းလှူလဲဖြစ်ပါတယ်၊အခုကonlineထဲရောက် ပြီးသားစာတွေကိုစာအုပ်ပြန်လုပ်ဖို့ကခေတ်မမှီပါဘူး။တကယ်လုပ်ရ မှာကမြန်မာbloggerတွေတိုးတက်လာဖို့နည်းပေးလမ်းပြလုပ်ရမှာပါ။blog ရေးသူတွေရည်ရွယ်ချက်အမျိုးမျိုးရှိနေတဲ့အတွက်ပွဲဆူမယ့်လုပ်ရပ် တစ်ခုအဖြစ်မြင်ပါတယ်။နောက်တစ်ခုကစတင်မင်နာလုပ်ဖို့ပါ။ဒါကိုတော့ ကြိုဆိုပါတယ်။တကယ်လဲလုပ်သင့်ပြီးတွေဆုံဆွေးနွေးပြီးအမြင်တွေ ဖလှယ်သင့်သလိုမြန်မာbloggerတိုးတက်ပြန့်ပွားဖို့ဆုံးဖြတ်ချက်တွေ ရအောင်လုပ်သင့်ပါတယ်။ |
posted by ZawZaw @ 11:15 PM  |
|
|
|
|
About Me |
Previous Post |
|
Archives |
|
ခြေခံလူ့အခွင့်အရေး |
လွတ်လပ်စွာရေးသားပုံနှိပ်ဖော်ပြနိုင်ခြင်း လွတ်လပ်စွာပြောဆိုနိုင်ခြင်း လွတ်လပ်စွာစုရုံးပိုင်ခွင့် လူတိုင်းသည်တရားဥပဒေရှေ့၌တန်းတူအခွင့်အရေးရှိခြင်း လူတိုင်းသည်တရားဥပဒေနှင့်အညီအဆုံးဖြတ်ခံပိုင်ခွင့်ရရှိခြင်း |
Links |
|
Powered by |
 |
|